မံစီ ဇွန် ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီက စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စာသင်ကျောင်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း (၅၂)ကျောင်း စတင်ဖွင့်လှစ်လျက်နေကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက် နေ့အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းသား/ကျောင်းသူစုစုပေါင်း ( ၉၈၃၅ ) ဦး လာရောက် အပ်နှံခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား ကျောင်းသူစာရင်း၏ ( ၉၇ ဒဿမ ၈၇ ) ရာခိုင်နှုန်းအထိ ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်း သူ များအားလုံးကို နိုင်ငံတော်မှ ပုံနှိပ်ဖတ်စာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး မူလတန်း ကျောင်းသား/ကျောင်းသူများကို ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)