မချမ်းဘော့ ဇွန် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရို၊ မချမ်းဘော့မြို့နယ်တွင် တစ်နိုင်ငံလုံး အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ၂ ရက်နေ့မှ စတင်ကာ စာသင်ကျောင်းများ ဖွင့်ရန် ညွှန်ကြားထားရာ ယနေ့နံနက် (၉)နာရီ မချမ်းဘော့မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများကို စတင်ဖွင့်လှစ်ကာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ စာသင်ကျောင်းသို့ လာရောက် ပညာသင်ယူခဲ့ကြသည်။
မချမ်းဘော့မြို့နယ်တွင် အခြေခံပညာများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ပြီး မချမ်းဘော့မြို့နယ်အတွင်း အထက်တန်းကျောင်း (၁) ကျောင်း၊ ထခွဲကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ မူလတန်းကျောင်း (၂၇)ကျောင်း စုစုပေါင်း ကျောင်း(၃၄)ကျောင်းရှိသည့်အနက် အထက်တန်းအဆင့်(၁၈၃)ဦး အခြေခံပညာ အလယ်အဆင့် (၅၅၃)ဦးနှင့် မူလတန်းအဆင့် (၆၈၃)ဦး စုစုပေါင်း (၂၄၁၉)ဦးရှိကြောင်း မချမ်းဘော့မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)