ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပူတာအို ဇွန် ၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ပူတာအိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၇) ကျောင်း ရှိသည့်အနက် (၉၄)ကျောင်းတွင် ကျောင်းသူ/ကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ကျောင်းစတင် တက်ရောက်နေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်အနေဖြင့် ကျောင်းသားစာရင်းများကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ဇွန်(၂)ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

ခရိုင်ပြန်/ဆက်(ပူတာအို)