ဒဂုံအရှေ့ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား/သူ၊ နိုင်ငံဝန်ထမ်းများ၊ ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်စေရေးအတွက် ဗန္ဓုလအများပိုင် ကုမ္ပဏီလီမီတက် (YBS)မှ ယာဉ်လိုင်းအသစ်ပြေးဆွဲခြင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိဒဂုံတက္ကသိုလ်မှ သခင်မြ ပန်းခြံသို့ YBSအမှတ်(၁၂၈)အား ယမန်နေ့နံနက်ပိုင်းက စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါ YBS အမှတ်(၁၂၈)ယာဉ်လိုင်းအသစ်မှာ ဒဂုံတက္ကသိုလ်မှ-ဘုန်းကြီးကျောင်းကွေ့-၇/၈လမ်းဆုံ -မဝတလမ်းဆုံ- ဘေလီ- စံပြဈေး--အသင်းတိုက်-ကျောင်းရှေ့-တာမွေအဝိုင်း--ရွေဂုံတိုင်-အုတ်လမ်း-လင့်လမ်း-မြေနီကုန်း-ဟယ်ပင်-စိန်ဂျွန်--ဗဟိုစည်--သခင်မြပန်းခြံ ဂိတ်ဆုံးအထိဖြစ်ရာ အသွား/အပြန်မှတ်တိုင် (၁၁၀)တိုင်ကို YBS အမှတ်(၁၂၈)တစ်နေ့တာ အစီးရေ(၃၀)စီးဖြင့် ခရီးစဉ်အစမှအဆုံးထိ (၂၀၀)ကျပ် နံနက်၆နာရီမှ ညနေ(၄:၃၀) အချိန်အထိ စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်