ဒလ ဇွန် ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယမန်နေ့က ကျောင်းများ စတင် ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူ များသည် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
ယနေ့တွင် ဒလမြို့နယ်ရှိ အထက်တန်းကျောင်း (၁၁)ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ မူလတန်းကျောင်း(၅၉)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)နှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၃)ကျောင်း စုစုပေါင်း (၈၁)ကျောင်းတွင် ကျောင်းသားကျောင်းသူ ဦးရေ စုစုပေါင်း (၂၁၉၇၅)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးမှူးရုံးမှ သိရပါ သည်။
ကျောင်းများ၏ လုံခြုံရေးကို ဆရာ၊ ဆရာမများ တာဝန်သိ မိဘပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီတာဝင်း