ကျောက်တန်း ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံမှုများကို ဆက်လက်လက်ခံလျက်ရှိကြောင်း သိရသည် ။
ကျောက်တန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၂ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၃၅ ကျောင်းတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းအပ်နှံသူ မူလတန်း (၁၃၉၅၉)ဦး၊ အလယ်တန်း (၄၅၇၅)ဦး၊ အထက်တန်း (၁၅၄၂)ဦး၊ စုစုပေါင်း(၂၀၀၇၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အိသန္တာချို