ဝမ်းတွင်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဝမ်းတွင်း ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်၍  သင်ကြားပေး လျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီကလေးငယ်များ အတွက် ပညာသင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၁၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂၆)ကျောင်း၊ အလယ်တန်းကျောင်း (၁၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၄)ကျောင်း၊ မူလတန်းကျောင်း(၅၉)ကျောင်း၊ အ.မ.ကခွဲ(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ ပိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ စုစုပေါင်း(၁၈၄)ကျောင်းရှိကာ လက်ရှိအချိန်ထိကျောင်းသားကျောင်းသူ (၂၂၆၉၂)ဦးမှတက်ရောက်ကာ ပညာသင်ကြား လျက် ရှိကြောင်းမြို့နယ်ပညာရေးမှုး ဒေါ်သီတာထံမှသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)