လောင်းလုံးမြို့နယ်တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

လောင်းလုံး  ဇွန်  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းသား/သူများကျန်းမာစွာဖြင့် ပညာသင်ယူနိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ် တောက်နိုင်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ခြင်းအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က အသက် (၅)နှစမှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ကျန်းမာ ရေးဆရာ/ ဆရာမများ၊ ကျောင်းဆရာ/ ဆရာမများတို့ကအသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်စုရပ်နေရာဖြစ်သည့် အ- ထ- က၊ လောင်းလုံး ကျောင်းဆောင်ခန်းမ၊ အ-ထ-က၊ ကမြောင်းကင်း ကျောင်းဆောင်ခန်းမနှင့် အ-မ-က(က) ရပ်ကွက်ကျောင်းဆောင်ခန်းမအတွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ  ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများ မိနစ်(၃၀) ခန့် နားနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို (၂-၆-၂၀၂၂)ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ ထိုးနှံပေးမည်ဖြစ်ပြီး ထိုးနှံပေးမည့်ဆေးအမျိုးအစားများမှာ Sinopharm ဆေးအမျိုးအစားဖြစ်ကြောင်းသိရသည်။

သိန်းသိန်း( လောင်းလုံး)