ငါန်းဇွန် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်)ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၅၆)ဦး၊ မြို့သာဇုံမှ (၇၉)ဦး၊ ငါန်းမြာဇုံမှ (၈၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၉၉)ဦး၊ သားကျင် ဇုံမှ (၄၀)ဦး၊ ဂျိုဇုံမှ (၂၉)ဦးနှင့် ကုလားရွာဇုံမှ (၂၄)ဦး စုစုပေါင်း (၄၁၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase-9(ဒုတိယအကြိမ်)တွင် (၂၇၈၃)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)