ကော့မှူး ဇွန် ၁
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် မူကြိုကျောင်းဆောင်၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ ဗိုင်းရပ်ကာကွယ်ဆေး)ပြင်းထန်အဆုတ်ရောင်(ပီဗွီစီ)ဝက်သက်၊ ဂျိုက်သိုး ရောဂါစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးပေးနေကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကျော်သူရ