မက်မန်း ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ဒဿမတန်းကျောင်းသား/သူများက “တို့ကျောင်းတော်” သီချင်းဖြင့်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများကလှူဒါန်းပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့သည်။
ထို့နောက် မက်မန်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအပ်နှံသည့် ကျောင်းသား/သူ(၂၅၄၇)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းမြတ်စိုး(ခရိုင်ပြန်/ဆက်)