ကျောက်ဆည် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၁၇၇၅၂၈)ဦး၊ ဒုတိအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ (၁၅၄၂၀၆)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၃၃၂၀)ဦး စုစုပေါင်း(၃၄၅၀၅၄)ဦး ထိုးနှံပြီးဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ်တွင် ပြည်သူ(၁၆၇၆၂၁)ဦး၊ အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၄၁၁)ဦး၊ စုစုပေါင်း(၁၇၇၅၂၈)ဦး၊ ဒုတိယအကြိမ်တွင် ပြည်သူ(၁၄၅၄၆၉)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၅၉၈)ဦး၊ စုစုပေါင်း(၁၅၄၂၀၆)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၃၃၂၀)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)