ညောင်ဦးမြို့နယ်တွင် ၁၈ နှစ်အထက်ပြည်သူများ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီး

ညောင်ဦး  ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ၁၈ နှစ်အထက်ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးဖြစ်ရာ ငါးနှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ဇွန် ၂ ရက်နေ့၊ နံနက် ၉နာရီအချိန်မှစ တင်ပြီးသတ်မှတ် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား သတ်မှတ်စုရပ်များဖြစ်သည့် ပုဂံမြို့လယ်ဓမ္မာရုံ၊ ငါ့သရောက်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၊ တောင်ဇင်း (အထက)၊ ညောင်ဦးမြို့ ရွှေစည်ခုံဘုရားကြီးဝင်းအတွင်းရှိ ဝေဇယန္တာဗိမာန်တော်ကြီး၊ စဉ့်ကူ တိုက်နယ်ပြည်သူ့ဆေးရုံ၊ အစရှိသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးစုရပ်များအပြင် ဝေးလံခေါင်ဖျားနယ်မြေများသို့လည်း Mobile ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုကြေးမုံ