ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းသုံးသောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး  ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကွမ်းဖလားကျေးရွာနှင့်ရွာဟောင်းကြီးတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုး တော်ဆောင်များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ကွမ်းဖလား ကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)နှင့် ရွာဟောင်းကြီးတိုက်အတွက် သောက်သုံးရေ ဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၃၂၀၀၀)ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေ အကျိုးတော်ဆောင်များထံက သိရသည်။

ကိုကြေးမုံ