ကျိုင်းတုံ ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အစားအစာထုတ်လုပ်ခြင်း၊ လက်လီ/လက်ကား ရောင်းဝယ်ရေးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) ကောက်ယူနိုင်ရေး သင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာနီက သင်တန်းမှပို့ချခဲ့သည့် ကလေးလုပ်သား ဆိုင်ရာစစ်တမ်း ကောက်ယူနည်းဘာသာရပ်များကို လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်အသုံးချရမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၉)မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၁ ဦးတက်ရောက်ပြီး မေလ ၃၀ ရက်မှ ၃၁ ရက်အထိ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်) နေပြည်တော်မှ Online စနစ်ဖြင့် သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)