တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

တကောင်း မေလ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်းနှင့် Youth Club အသင်းတို့ပူပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် အားနေသောလက်များစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှုးဒေါ်သီရိအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုများရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်အိအိမွန်က အားနေသောလက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အသင်းဝင် ဒေါ်မြကြာဖြူမှ နောင်လာနောက်သား ခေါင်းစဉ်ဖြင့်လည်း ကောင်းတင်ပြဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသူများမှအသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီရိအောင်(တကောင်း)