တံတားဦးမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း အဆင်ပြေ

တံတားဦး  မေ ၃၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်းဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ဆိတ်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။

ဆိတ်မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျ စရိတ်သက်သာပြီး မွေးမြူရာတွင်လည်း ခြံဝန်းခတ်၍ မွေးမြူနိင်သဖြင့် ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကောင်းနှုန်း ပေါက်ဖွားလေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွား လေ ့ရှိကြောင်း သိရသည်။

“ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်တာ နှစ်နှစ်လောက်ရှိပါပြီ၊ ဆိတ်မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာလို့ အဆင်ပြေပါတယ်၊  ဒါပေမယ့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရေကြည်ရာမြက်နုရာဆိုသလို ဆိတ်ခြံကို ပြောင်းရွှေ့ မွေးမြူရတယ်။ ဆိတ်တွေက တစ်နှစ်ကို အနည်းဆုံး နှစ်သားနဲ့ တစ်ဗိုက်မွေးလေ့ရှိတယ်၊ အကျိုး ဖြစ်ထွန်းမယ်ဆိုရင် လေးကောင်အထိပေါက်ဖွားနိုင်ကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းကို နိုင်ငံတော် ကလည်း ပြည်တွင်းပြည်ပ ဈေးကွက်သို့ တရားဝင်လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးထား တဲ့အတွက် ရောင်းသူရော ဝယ်သူပါအဆင်ပြေလို့ ကျွန်တော်တို့ ကျေးလက်တောင်သူတွေအတွက် စိုက်ပျိုးရေး လုပ်ငန်းနဲ့တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဟာ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေပါ တယ်”ဟု တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ဆိတ်မွေးမြူသူ ဦးအေးမင်း ကပြောကြားသည်။”

ရဲတင့်