မိုင်းတုံမြို့၌ မျောက်ကျောက်ရောဂါကြိုတင်ကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းတုံ မေ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နား‌ကျေးရွာရှိ ဦးအောင်ဇေယျ ဘုန်းကြီးကျောင်းတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ကျန်းမာရေးမှ အထက်တန်းသူနာပြု ဒေါ်နန်းစိန်ပွင့်က မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ကာကွယ်ရေးနည်းလမ်း (၆)ချက်အတိုင်း လိုက်နာကြပါ၊ မျောက်ကျောက်ရောဂါပိုးကူးစက်ခံရလျှင် ပြလာတတ်သည့် လက္ခဏာများသည် ကျောက်ရောဂါနဲ့ပုံစံခြင်းတူပါကြောင်း၊ ကူးစက်ခံရပြီး (၇)ရက်မှ (၁၄) ရက်အတွင်း ရောဂါလက္ခဏာပြနိုင်သလို ရောဂါကူးစက်ခံရပြီး(၅)ရက်မှ(၂၁)ရက်အတွင်း ရောဂါ လက္ခဏာပြတာမျိုးလည်းရှိတတ်ကြောင်း၊ ကူးစက်ခံရပြီဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါ လက္ခဏာအများစုသည် အဖျားဝင်ခြင်း၊ ခေါင်းကိုက်ပြီး အဆစ်အမြစ်‌ တွေနာလာခြင်း၊ ခြေကုန်လက်ပန်းကျပြီး ရင်တုန်မောပန်းလာခြင်းတို့ဖြစ်လာတတ်ပါတယ်၊ အဖျားဝင်ပြီး (၁)ရက် မှ (၃)ရက်အတွင်း အဖုအပိတ်တွေစထွက်လာခြင်း ထိုအဖုအပိတ်တွေဟာ ပထမ မျက်နှာမှ တဆင့် ခန္ဓာကိုယ်သို့ တဖြည်းဖြည်းပြန့်သွားမှာဖြစ်ပါတယ်၊ နောက်ထပ် အသားအရေ အရောင်ပါပြောင်းလာပြီး အနာစက်တွေ၊ အရေကြည်ဖုတွေ၊ ပြည်တည်နာပုံစံလို အနာများထွက်လာမှာကို တွေ့ရမှာဖြစ်ပြီး ရောဂါလက္ခဏာသည် (၁၄)ရက်မှ(၁)လနီးပါးအထိ ခံစားရတက်ကြောင်း၊ ရောဂါခံစားနေရမှုကို တစ်ဖြေးဖြေး ပြန်လည်းသက်သာသွားခြင်း စသည်တို့ကို အကျယ်တစ်ဝန်း အသိပညာပေးခဲ့ရာ ကျေးရွာသူတစ်ဦးမှ ကျွန်မတို့ကျေးရွာကိုလာရောက်ပြီး အခုလိုအသိပညာပေးကျန်းမာရေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာသူ/ကျေးရွာသားများရဲ့ကိုယ်စား အထူးကျေးဇူးတင်တယ်ဟု ပြောကြားခဲ့‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)