ဥတ္တရသီရိမြို့နယ်တွင် ကျပ်၂၀ သန်း မှ ကျပ် ၂၀၀ သန်းအထိ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ

ဥတ္တရသီရိ  မေ ၃၀

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျပ် ၂၀ သန်း မှ ကျပ် ၂၀၀ သန်း အထိ လုပ်ငန်းများ ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်းကို ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီကကျင်းပရာ မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍  မြို့နယ်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊  မြိုနယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက ငွေကြေးအဆိုပြုလွှာများအား ဖွင့်ဖောက်စစ်ဆေးကာ ငွေကြေးအဆိုပြုလွှာပဏာမအောင်မြင်သည့် ကုမ္ပဏီ(၁၀)ခုအား ကြေငြာပေးခဲ့ပြီး မြို့နယ် တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တောကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းလုပ်ငန်း (၂၄)ခု၊ ကျောက်စီမြေကာနံရံ(၅)ခု၊ Box Culvert(၁၀)ခု တို့ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)