မိုင်းတုံ မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဥယျာဉ်ကျောင်းတိုက်၌(၄)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယမန်နေ့ညနေ (၁:၄၅) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အလှူရှင်များမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များကိုဆွမ်းကပ်ခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခဲ့ကြပြီးနောက် ကြွရောက်လာသောသံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတ ဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပိတ်ပွဲအခမ်းအနားစတင်၍ ဆရာတော်ဘဒ္ဒန္တအရှင်ဝါယာမထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့ ကရှမ်း/ဗမာနှစ်ဘာသာဖြင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းအား မိုင်းတုံအခြေချစစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးဇော်မင်းဦးနှင့်စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ဘဒ္ဒန္တအရှင်ဝါယာမမှ ရှမ်း/ဗမာ၊နှစ်ဘာသာဖြင့် ပဠာန်းရွတ်ဖတ်ရခြင်း အကျိုးနှင့်ပတ်သတ်၍ တရားပေးပြီးနောက် လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချသာဓုအနုမောဒနာတရားတော်များ ချီမြှင့်ခြင်းဩကာသကတော့ခန်းပြန်လည်ကန်တော့ခြင်း ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ"ဗုဒ္ဓသာသနံစိရံတိဌတု"(၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)