မိုင်းခုတ် မေ ၃၀
၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်နှလုံးအေးချမ်းစွာ ပညာသင်ကြားသင်ယူနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း (မိုင်းခုတ်)၊ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်)နှင့် အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်)တို့၌ ဇွန် ၂၈ ရက် နံနက် ၇ နာရီက သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက စုပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ခြံနွယ်များနှင့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ယင်လုံအိမ်သာများအားဆေးကြော သန့်စင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာနေရာများသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် စေတနာရှင်၊ အလှူရှင်များက အားလူးထမင်းနှင့် အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)