ပြင်ဦးလွင်မြို့တွင်  ၂၀၂၂  ခုနှစ် ၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ပြင်ဦးလွင် မေ  ၂၉         

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင်  ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇နာရီခွဲအချိန်က  ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီး-ကုန်းကော်၊  ကျေးရွာချင်းဆက် ကားလမ်းဘေးရှိ ကျားခေါင်းတောင်တွင် ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊  ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  ဒေသခံပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းမှ ဌာနဆိုင်ရာများသို့ ပျိုးပင်များ ဖြန့်ဝေပေးအပ်ခြင်း၊ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သို့   ပျိုးပင်များဖြန့်ဝေပေးအပ်ခြင်း၊ ပြင်ဉီးလွင်ခရိုင်ရဲမှူးမှ  အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များ ဖြန့်ဝေပေးအပ်ခြင်း၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မီးသတ်တပ်ဖွဲ့သို့ ပျိုးပင်များ  ဖြန့်ဝေပေးအပ်ခြင်းနှင့် ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူးမှ ဒေသခံပြည်သူများသို့ ပျိုးပင်များအသီးသီး ဖြန့်ဝေပေးအပ်ခဲ့သည် ။ 

ဆက်လက်ပြီး တာဝန်ရှိသူများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နှင့် တက်ရောက်လာသော  ဒေသခံပြည်သူများ ပူးပေါင်းကာ ချယ်ရီပျိုးပင် (၂၇၀၀) ပင်အား   အင်တိုက် အားတိုက် စိုက်ပျိုးခဲ့ကြကြောင်း   တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။

( ခရိုင် ၊ ပြန်/ဆက် )