ဘားအံ မေ ၂၉
၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်အသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားမှူး ဦးစိုးနိုင် က ပြိုင်ပွဲတွင်ပူးပေါင်းကူညီပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား လည်းကောင်း၊ ပြည်နယ်ရသုံးမှန် ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲအကောင်းဆုံးအားကစားသမား ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး က အမျိုးသား/ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး က အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသော ဘားအံမြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက အမျိုးသမီး(၂) ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းအား လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး ခင်ဇော် က အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ တတိယဆုရဖာပွန်မြို့နယ်အသင်းနှင့် ဒုတိယဆုရ လှိုင်းဘွဲမြို့နယ်အသင်းတို့အား လည်းကောင်း၊ လူမှုရေးဝန်ကြီးဦးစိုးလွင် က အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရ ကော့ကရိတ်မြို့နယ်အသင်းနှင့် ဒုတိယဆုရ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းတို့အား လည်းကောင်း၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့ နယ်အသင်းအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရ လှိုင်းဘွဲမြို့နယ်အသင်းနှင့် ဒုတိယဆုရ ဖာပွန်မြို့နယ်အသင်းတို့အား လည်းကောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး က အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)