ထားဝယ် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာနှင့်အိမ်ရာဝင်းအတွင်း ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာဥက္ကာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က တိုင်းဒေသကြီးအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ အခန်း (၄၀)ခန်းနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းအိမ်ရာအခန်း(၂၃)ခန်းနှင့် အိမ်ရာဝင်းအတွင်း ခြင်ဆေး ဖျန်းခြင်း၊ ပိုးလောက်လန်းခိုအောင်းနိုင်သည့် ဘုရားပန်းအိုးနှင့် ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်များ အား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ် (Abate)ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)