ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် မေ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ် မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 11(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase 11(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၁၃၇)ဦး၊ မြို့သာဇုံမှ (၉၈)ဦး၊ ငါန်းမြာဇုံမှ (၁၅၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၅၁)ဦး၊ သားကျင်ဇုံမှ (၄၉)ဦး၊ ဂျိုဇုံမှ(၆၇)ဦးနှင့် သံဘိုဇုံမှ (၄၃)ဦးစုစုပေါင်း(၆၀၀)ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မေ ၂၄ ရက်နေ့မှ ၂၇ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 11 (ပထမအကြိမ်)တွင် (၉၁၉)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)