မချမ်း‌ဘော့မြို့၌ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်သင်တန်းဆင်းပွဲကျင်းပ

မချမ်းဘော့  မေ ၂၈

​ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်သင်တန်းဆင်းပွဲကိုယမန်နေ့ ညနေ ၄နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းကာလအတွင်း ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအေရိုးဗစ်ကို စိတ်၀င်စားစွာ ကြိုးစားသင်ယူခဲ့ကြသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတတ်မြောက်ထားသည့် ကကွက်များကို လည်း မိမိ၏သူငယ်ချင်းအပေါင်းအသင်းများသို့ ထပ်မံဖြန့်ဝေသွားစေလိုကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကိုယ်ကာယပညာဦးစီးဌာနမှနည်းပြနည်းစနစ်‌ ဒေါ်ခင်လင်းစိန်က သင်တန်းပြီးနောက်ပိုင်းတွင်လည်း သင်ကြားတတ်မြောက်သည့်ကကွက်များကို စဉ်ဆက်မပြတ် လေ့ကျင့်သွားစေလိုကြောင်းပြောကြားပြီး သင်တန်းသူများမှ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအေရိုးဗစ်အကဖြင့် ကပြဖျော်ဖြေခဲ့ကာ သင်တန်းကိုအောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)