နောင်ချိုမြို့၌မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၄/၂၀၂၂)ဖွင့်လှစ်သင်ကြား

နောင်ချို မေ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  နားရှိုးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ် (/၂၀၂၂)ကို ယမန်နေ့နံနက် ၈:၀၀ နာရီအချိန်မှစ၍  ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ နားရှိုးရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးမြင့်အေးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် စိတ်ဝင် စားစွာသင်ကြားကြစေလိုကြောင်း၊ သင်တန်းလာရောက် ဖွင့်လှစ်သင်ကြားပေးသော တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းမှ ယနေ့ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းသည် အိမ်တိုင်းအိမ်တိုင်းတက်ရောက်သင့်ကြောင်း၊ မိသားစုတစ်စုတွင် အနည်းဆုံး တစ်ဦး ရှေးဦးပြုစုခြင်းကို အခြေခံတတ်ထားသင့်ကြောင်း၊ မိမိ၏မိသားစုသာမက ပတ်ဝန်းကျင်ကိုပါ ကူညီစောင့်ရှောက်နိုင်ကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ သင်တန်းသားများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက် ကြာမြင့်မည်ဖြစ်ကြောင်း  သိရသည်။

ထွေးငယ် (ပြန်/ဆက်)