ဒဂုံအရှေ့ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်" ပန်းခင်းစီမံချက်"ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အမှတ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်၉နာရီအချိန်ကကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ရာတွင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးကျော်ဝင်းထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကနိုင်ငံသားစိစစ်ရေးကတ်(၁၀)နှစ်ပြည့်(၂)ဦး၊ ၁၈နှစ်ပြည့်(၁)ဦး၊နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်(၃)ဦး၊ကတ်ပြားမိတ္တူ(၂)ဦးစုစုပေါင်း(၈)ဦးတို့အားပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတွင်"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်စို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများက ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် မြို့နယ် ဦးစီးမှူးရုံး၌လည်းနေ့စဉ်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)