ဒဂုံမြို့နယ်တွင်အသက်(၁၈)နှစ် နှင့်အထက် ရပ်ကွက်နေပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ

ဒဂုံ      ​မေ     ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်​တော်တန်ဆောင်းတွင် ယမန်နေ့နံနက်  ၁၀ နာရီ အချိန်ထိကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။                                                                 

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေး(Covishield) ထိုးနှံခြင်းအား ဒဂုံမြို့နယ်အတွင်းရှိ​​​ ပြည်လမ်းအ​ရှေ့ရပ်ကွက်၊ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်း အ​နောက် ရပ်ကွက် တို့မှ အသက် (၁၈) နှစ်နှင့် အထက်ရပ်ကွက်နေပြည်သူ ကျား (၃၅) ဦး၊မ(၄၇)ဦး လူဦးရေ စုစုပေါင်း (၈၂) ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်​​ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၈၂) ဦးအတွက် ​ဆေးအလုံး​ရေ (၈) လုံးအားလည်း​ကောင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး (Covishield)ထိုးနှံခြင်း လုပ်ငန်းအား ပြည်လမ်းအ​ရှေ့ရပ်ကွက်၊ဘုရားကြီးရပ်ကွက်၊ပြည်လမ်းအ​နောက်ရပ်ကွက်၊ဦးဝိစာရရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့် အထက်ရှိသူ ကျား (၃၀)ဦး၊မ (၃၀) ဦးစုစု​ပေါင်း (၆၀) ဦး လာ​ရောက်ထိုးနှံခဲ့ကြရာ ကာကွယ်​ဆေးတစ်လုံးလျှင် ၁၁ ဦးနှုန်းဖြင့် ၆၀ ဦးအတွက်​ ဆေးအလုံး​ရေ ၅ လုံးအားလည်း​ကောင်း၊  (COVISHIELD) အမျိုးအစား  ကိုဗစ်-၁၉ ​ရောဂါ ထပ်​ဆောင်း ကာကွယ်​ဆေး (Booster Dose ) ထိုးနှံခြင်းအား ဘုရားကြီးရပ် ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ယောမင်းကြီး ရပ်ကွက်နှင့် ပြည်လမ်းအရှေ့ ရပ်ကွက် တို့မှ အသက် (၁၈)နှစ်နှင့်အထက်ရှိသူ ကျား ၁၅၀ ဦး၊ မ ၂၅၀ ဦး၊ စုစုပေါင်း ၄၀၀ ဦး လာရောက် ထိုးနှံခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦး နှုန်းဖြင့် ၄၀၀ ဦးအတွက် ဆေးအလုံး ရေ ၃၇ လုံးအားလည်း ကောင်း၊ စုစုပေါင်း (ကျား ၂၁၅ +မ ၃၂၇ = ၅၄၂ ဦး) လာရောက်ထိုးနှံခဲ့ကြ​ကြောင်းသိရပါသည်။

ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ကာကွယ်ဆေးထိုးနှံ​ပေးရာနေရာ တွင်မလိုလားအပ်သောပြဿနာတစ်စုံ တစ်ရာမရှိ စေရေး အတွက် ဒဂုံမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ကျန်းမာ​ရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန် ထမ်းများ၊ စေတနာ ရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မေသန္တာ

 ၊  ၀၉၂၅၀၃၅၈၃၃၇