၂၀၂၂ခုနှစ်မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ထန်းတပင် မေလ  ၂၈

၂၀၂၂ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာတွင် ကျင်းပပြုလုပ် ခဲ့ကြ ကြောင်းသိရသည်။

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိ လူသား များရဲ့ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေး ကိုအထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းကြောင်းလည်းမြို့နယ် သစ်တောဦးစီး ဌာနမှသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သစ်တော ဦးစီးဌာန၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက် ရောက်ခဲ့ကြပြီး အော်ရီရှား (၅ဝဝ)ပင်၊ မန်ဂျန်ရှား (၄၀၀)ပင်၊ ယူကလစ်(၁၃၁)ပင်၊ မဟောဂနီ(၂)ပင်နှင့် ပိတောက်(၂)ပင်စုစုပေါင်းပျိုးပင်ပေါင်း (၁၀၃၅)ပင်တို့ကိုစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)