ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေး ဟောပြော

ထန်းတပင်  မေလ ၂၈

ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများ ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိ ပညာများတိုးပွားလာစေရန်ရည်ရွယ်၍ မေလ(၂၇)ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် မီးဘေးအန္တရာယ် ကင်းဝေးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ကာ ခရိုင်မီးသတ် ဦးစီးမှူးဦးမြင့်ဦးက  မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်တာဝန် (၄)ရပ်၊ မီးသတိမူရေး နှင့်မီးသတ်ဦးစီးဌာန၏ သင့်(၄)သင့် အကြောင်းအရာများကို အသိပညာ ပေးဟော ပြောပွဲသို့ တက်ရောက်လာကြသည့် ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကိုအသိပညာပေး ဟောခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်မဆောင်ရှေ့တွင် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမိုးမင်းအောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်း  သတ်နည်း များ၊ ဂတ်(စ်)အိုးမီးလောင်မှု မီးငြှိမ်းသတ်နည်းများနှင့် ဆီမီးလောင်မှုမီးငြှိမ်းနည်းစနစ်များကို လက်တွေ့ငြိှမ်းသတ်ပြ သခဲ့ကြကြောင်း လည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)