ကော့ကရိတ် မေ ၂၈
ကရင်ပြည်နယ်ကော့ကရိတ်မြို့၌”ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ညနေ ၃ နာရီချိန်ကကော့ကရိတ်မြို့ အထက ၂ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တွင် အသက်၅နှစ်မှအထက်အခြေခံပညာမူလတန်း၊ အလယ်တန်း အထက်တန်း သင်ယူခွင့်အခွင့် အလမ်းများ ရရှိလာစေရန်၊ ကာကွယ်ဆေးလွမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်၊ မိသားစု ပတ်ဝန်းကျင်သို့ရောဂါ ကူးစက်ပြန့်ပွားမှုကိုတားဆီးရန်၊ ကျောင်းနေအရွယ်ကလေးများအား ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည့် ဒေသတွင်းနိုင်ငံများ၊ ကာကွယ်ဆေးမထိုးနှံပေးရမည့် ကျောင်းသားကျောင်းသူများ၊ ကျွမ်းကျင်သည့်သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ၎င်းတို့၏အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသားကျောင်းသူများ၊ ကိုဗစ်ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြသာနာများ စသည့် အကြောင်းအရာတို့ ပါဝင်သည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းကို ကော့ကရိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန ၊ခရိုင်ပြန်ဆက်ဦးစီးဌာနတို့မှ တက်ရောက်ကြကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)