မြဝတီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌နေထိုင်သည့် ပြည်သူများအတွက် ဆန်၊ ဆီနှင့် ကုလားပဲခြမ်းများထောက်ပံ့ပေးအပ်

မြဝတီ မေ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲ့ထော်သလေးကျေးရွာအုပ်စု၊ ဖလူးကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာအုပ်စုနှင့် ဖလူးကျေးရွာ အုပ်စုမင်းလက်ပံကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းများ၌နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများနေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် ယမန်နေ့ကထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ဆန်၊ ဆီနှင့် ကုလားပဲခြမ်းအိတ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်လွင်နှင့်အဖွဲ့ဝင်တို့က စစ်ဘေးရှောင်အိမ်ထောင်စု(၃၁၂)စုရှိ လူဦးရေ ကျား (၅၅၄)ဦးနှင့် မ(၅၃၂)ဦး စုစုပေါင်းလူဦးရေ(၁၀၈၆)ဦးတို့အတွက် ဆန်(၁၅၀)အိတ်၊ ဆီပိသာ(၁၅၀)ပိသာနှင့် ကုလားပဲခြမ်း(၁၅၀)အိတ်တို့အားထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)