မြဝတီမြို့၌ အများပြည်သူစားသုံးရန်မသင့်သော စားသာက်ကုန်ဘီယာနှင့် ယားနာလိမ်းဆေးများဖျက်ဆီး

မြဝတီ မေ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အများပြည်သူများဘေးအန္တရာယ်ဖြစ်စေပြီး စားသုံးရန်မသင့်သော စားသောက်ကုန်ဘီယာများနှင့် ယားနာလိမ်းဆေးများအား ဖျက်ဆီးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားဝင်းအတွင်း Cargo ဘက်ခြမ်းတွင် လမ်းကြိတ်စက်ယာဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြည်သူများစားသုံးရန်မသင့်သည့် စားသောက်ကုန်ဘီယာနှင့် ယားနာလိမ်းဆေးများအားဖျက်ဆီးဆောင်ရွက်ရာတွင် မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်၍ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူးဦးစောသန်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဖြူဝင်း၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှဦးစီးအရာရှိဦးဇင်သူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းသီဟ၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစောဝင်းနောင်တို့က စားသောက်ကုန်များဖျက်ဆီးရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုသို့ဖျက်ဆီးရာတွင် တန်ဖိုးငွေကျပ် ၂၂၈ သိန်း ၆ သောင်းတန်ဖိုးရှိ ဘီယာများနှင့် ယားနာလိမ်းဆေးများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)