ဗဟန်း မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ပြည်တွင်း၊ ပြည်ပအဖျက်မီဒီယာများမှ နိုင်ငံတော်အစိုးရမကောင်းသတင်းများအား ဝါဒဖြန့်ခြင်း၊ သတင်းအတု၊ သတင်းအမှားများ၊ လုပ်ကြံဖန်တီးမှုများဝါဒဖြန့်လှုံဆော်နေမှုများခွဲခြားသိရှိနိုင်စေရန်၊ မီဒီယာများအားအသုံးပြု၍ ပြည်ဖျက်မီဒီယာအချို့မှ ဒေါ်လာရဖို့အတွက် ပြည်သူများ၏အသိဉာဏ်ကိုမှိုင်းတိုက်နေသည်ကို သိရှိနိုင်စေရန်၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအား အမှားမြင်ပါများပြီး အမှန်ဟုထင်လာစေရန် မီဒီယာအချို့ကလိမ်ညာကာ သတင်းအမှားများကိုသာ ထပ်ကာတလဲလဲလုပ်ကြံရေးသာဖော်ပြနေခြင်းများအား သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်း(ဗဟန်း)ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသည့် “ပညာရေးသည်တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သည်” လက်ကမ်းစာစောင်နှင့် “ပြည်သူလူထုကိုအဆိပ်ခတ်နေသော သတင်းတုသတင်းအမှားများ” အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများထံလက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပြည်တွင်း၊ ပြည်ပမီဒီယာအချို့များမှ လုပ်ကြံဖန်တီးထားသော သတင်းတုများ၊ အမှန်တစ်ကယ်ဖြစ်ပွားမှုမရှိသောဖြစ်စဉ်များ၊ သတင်းအမှားတင်ထားမှုစစ်တမ်းများ စသည့်အကြောင်းအရာများပါရှိသည့်လက်ကမ်းနှင့် ယခင်နှစ် ကျောင်းသား/ ကျောင်းသူများတက်ရောက်ဖြေဆိုသည့် ပုံရိပ်များပါရှိကြောင်း သတင်းရရှိသည်။
စန္ဒာမိုး