ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေး

ဟိုပန် မေ ၂၇

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက  ရွှေဝါကျေးရွာသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ထိုသို့ ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာတွင်  မေလ(၂၅)ရက်နေ့က ဟိုပန်မြို့နယ် နောင်မို​ကျေးရွာ အုပ်စုရှိ၊ နောင်အွန်ခန်းမစုရပ်နေရာ၌ (၁၆၈)ဦးနှင့် မော်ဟွေ့ကျေးရွာအုပ်စု၊ မော်ဟွေ့ခန်းမစုရပ်​နေရာ၌ (၄၄)ဦး စုစုပေါင်း (၂၁၂)ဦးနှင့် ယနေ့တွင် ရွှေဝါကျေးရွာ စုရပ်နေရာ၌ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၂၃)ဦး စုစုပေါင်း (၃၃)ဦးတို့အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ဟိုပန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည့် ပြည်သူများသည် ယခင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသော ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)