ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ဒဂုံဆိပ်ကမ်း မေ ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားရှိကာ ယနေ့ နံနက် (၉)နာရီတွင်ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်မှ အဖွင့်အမှားစကား ပြောကြားပြီး၊ မြို့နယ်ပညာ‌ရေးမှူး  ဒေါ်အေးမာလွင်မှ အမျိုးသားပညာရေး တိုးတက်မြင့်မားစေရန်နှင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်‌‌စေရန် လူတိုင်းကျောင်းတက် နိုင်သည့် အခွင့်အလန်းများရရှိ‌‌ နေပြီဖြစ်သဖြင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်စေလိုကြောင်း၊ ကလေးများအတွက်  ကျောင်းတက် ချိန်အမှီ သန့်ရှင်း၊ သာယာ၊ လှပအောင်ကျောင်းများကို ဆောင်ရွက်ထားပြီး၊ ကျန်းမာ‌ရေး ညွန်ကြားချက်များ နှင့်အညီ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊  ကျောင်းအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ‌‌ပေးစရာမလိုပဲ၊‌ ကျောင်းပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊‌ ဘော့ပင်များပါ အခမဲ့ပေးဝေမည်ဖြစ်ကြောင်း၊ မူလတန်းက‌လေးများအတွက် ကျောင်း၀တ်စုံများပါ အခမဲ့ပေးဝေပေးမည်ဖြစ်၍ အနာဂတ်၏ သားကောင်း ရတနာများပေါ်ထွက်လာစေရန် ကျောင်းတက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် ကျောက်းအပ်နှံရေးကို မေလ ၂၆ ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ထိ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး‌၊ ဇွန် (၁) ရက်နေ့မှစ၍ မြို့နယ်တွင်းရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့်လှစ်ပြီး သင်ရိုးသစ်များနှင့် သင်ကြားသွားမည် ဖြစ်ကြောင်းလဲ သိရသည်။ စေတနာရှင်၊  အလှူရှင်များမှ စာရေးကိရိယာများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည် ပေးအပ်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများမှလည်း “လောကအားမာန်၊ မြတ်ဆရာ၊ ထာ၀ရမြန်မာ၊ ထာ၀ရသစ္စာ၊ ဇာတိမာန်” သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများတက်ရောက်ကြကြောင်း သတင်းရသည်။

လဲ့လဲ့