ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၂_၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်း အပ်နှံကြစို့”ဆောင်ပုဒ်ပါ ဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီက အမှတ်(၁) အ‌‌ခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  အခမ်းအနားကို အထက(၁)ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်မှကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာ‌ရေးကို ဦးတည်သည့် ပိုမိုတိုးတက် ကောင်းမွန်သော သင်ကြားသင်ယူမှု၊ သက်မွေးပညာ‌ရေးနှင့် လေ့ကျင့်ရေးသုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေးဟူသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများ ရာခိုင်နှုန်းပြည့် ကျန်းမာပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူနိုင်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ထောက် ပညာရေးမှူး ဦးတင်အောင်လင်းက ကျောင်းအပ်နှံရေးဖွင့်လှစ်မှု အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာကျောင်းသီချင်းနှင့် အခမ်းအနားပိတ်သိမ်းရာ၌ ဇာတိမာန်သီချင်း သီဆိုကြသော ကျောင်းသား/သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်တို့မှ ဆုငွေများပေးအပ်ချီးမြှင့်ပေးခြင်း၊
တက်ရောက်လာသော ကျောင်းမိသားစု၊ ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းသားဟောင်းများ၊ ၁၃/ထ၂/၁၂/၉/ရွာသာကြီး အုပ်ချုပ်ရေးမှူး၊ မဟာသရဖူ၊ ထူးထက်ကျော်တို့မှ ဗလာစာအုပ်၊ Mask၊ဘောပင်ချောင်း၊ ဆပ်ပြာဆီ၊ A4(၁)ပုံး၊ ငွေသားကျပ်(၈၅၀၀၀၀)ကျပ်တို့အား အသီးသီး ပေးအပ်လှုဒါန်းခဲ့ရာ ပညာရေးဌာနမှ ကျောင်းအုပ်များနှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားဟောင်းများ၊ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်