မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster) Covaxin အရှိန်အဟုန်မြင့် ထိုးနှံ

မလှိုင် မေ ၂၇

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် သပြေပင်ကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအုပ်စုအတွင်း (၂)ကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက်ပြည်သူ(၁၈၀)ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေး(Booster) Covaxin အမျိုးအစား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် အတည်ပြုလူနာ (၈၅၈)ဦးအနက် သေဆုံးသူ(၁၆)ဦးသာရှိခဲ့ပြီး နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at Home) အကျုံးမဝင်ခဲ့သော မြို့နယ်ဖြစ်ပါသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၁၀၄၈၉၉)ဦး၊ အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ(၆၅၅၅)ဦး၊ အသက်(၁၅)နှစ်မှအသက်(၁၈)နှစ် ပြည်သူ (၁၂၇၀)ဦး၊ ထပ်ဆောင်းကာကွယ်ဆေး (၄၁၅၀)ဦးထိုးနှံနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသက်()နှစ်မှ အသက် (၁၂)နှစ် ကျောင်းသား/ကျောင်းသူ (၁၃၃၃၃)ဦးနှင့် ပြည်သူ(၄၁၅၁)ဦးတို့အား အရှိန်အဟုန်မြင့် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)