ဖျက်သိမ်းခွင့်ရရှိသည့် အန္တရာယ်ရှိကျောင်းဆောင်များအား လေလံတင်ရောင်းချပွဲ ပြုလုပ်

ကျောက်ပန်းတောင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက်မှ ကျောင်းအချို့တွင် ဖျက်သိမ်းရန်လိုအပ်ပြီး ဖျက်သိမ်းခွင့်ရရှိသည့် အန္တရာယ်ရှိကျောင်းဆောင်များအား လေလံတင်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် () အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင်တွင်ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးများဖြစ်သည့် ဦးထွန်းအောင်ကျော်နှင့် ဦးစိုးသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လေးရွာတာဝါးကျေးရွာသင်ပေါင်းကျေးရွာနှင့် ခေါင်းရဲကျေးရွာများရှိ စာသင်ကျောင်းများမှ ဖျက်သိမ်းရန်လိုအပ်ပြီး ဖျက်သိမ်းခွင့်ရရှိသည့် အန္တရာယ်ရှိကျောင်းဆောင်များကို လေလံတင်ရောင်းချခြင်းဖြစ်ပြီး လေလံတင်ရောင်းချမည့် ကျောင်းဆောင်များမှာ အုတ်ညှပ်တစ်ထပ် ကျောင်းဆောင်များဖြစ်ကြောင်း၊ လေလံဝယ်ယူခွင့်ကို (၁၉--၂၀၂၂) ရက်နေ့မှစတင်၍ (၂၅--၂၀၂၂) ရက်နေ့အထိ ကြေညာထားရှိ ကြောင်း၊ လေလံစနစ်ကို အိပ်ဖွင့်လေလံစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်  အဆိုပါ လေလံတင်ရောင်းချခြင်းများကို လေလံတင်ရောင်းချရေးကော်မတီနှင့် ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီးဌာန၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ ပါဝင်သည့် အဖွဲ့ဝင်များဖြင့် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)