မလှိုင်မြို့နယ်စည်ပင်သာယာဈေးဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မလှိုင် မေ ၂

မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာဈေးဝင်းအတွင်း ယနေ့နံနက် ၈ နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ လိုက်ပါလျက် မြို့နယ်စည်ပင် သာယာဈေးဝင်းအတွင်း ရေကိုအဓိကသုံးစွဲရသော သား/ငါးဆိုင်၊ ပန်းဆိုင်၊ ငါးပိ/ငါးခြောက်ဆိုင်၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့ရှိ ရေအိုးများအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းများ လက်တွေ့ပြသပြီးခဲ့ကြောင်း သိရသည်

အောင်ဌေး(မလှိုင်)