စဉ့်ကိုင်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

စဉ့်ကိုင် မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး)က နိုင်ငံတော်အစိုးရမှမသန်စွမ်းသူများအတွက် ပြဋ္ဌာန်းထားသည့်အခွင့်အရေးများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများ၊ အနိုင့်အထက်ပြုခြင်းများရှိခဲ့လျှင် ဥပဒေအရအကာအကွယ်ပေးနေမှုအခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးနေမှု၊ မသန်ပေမဲ့လည်းစွမ်းဆောင်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်ဒေါ်ခင်စန်းက မသန်စွမ်းသူများအနေဖြင့် မြန်မာနိုင်ငံတွင်(၁၉၅၈)ခုနှစ်ကတည်းက မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးများဆိုင်ရာအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်း မသန်စွမ်းသူများနှင့်ပတ်သက်သည့်အခွင့်အရေးဆိုင်ရာတန်းတူညီမျှရရှိစေရေးဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့်မသန်ပေမဲ့လည်း စွမ်းဆောင်နိုင်သူများဖြစ်သည့်အတွက် စိတ်ဓာတ်ခွန်အားကျစရာမလိုကြောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် လူမှု၀န်ထမ်းဦးစီးဌာနမှကျန်ရှိနေသည့် မသန်စွမ်းသူများကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

၀င်း၀င်းသန်း