ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းခဲ့ရာ ရေဂါလန် နှစ်သိန်းနှစ်သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး  မေ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကန်နီကြီး တဲတိုက်နှင့် အုတ်လှေကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ကန်နီကြီးတဲတိုက်အတွက် သောက်သုံးရေဂါလန် (၁၆၀၀) နှင့် အုတ်လှေကျေးရွာအတွက် သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေ လိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလန် (၂၂၄၀၀၀) ဂါလန်လှူ ဒါန်းပေးနိုင်ခဲ့ ကြောင်း သောက်သုံးရေအကျိုးတော်ဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။

ကိုထိန်၊KPD