မြောက်ဥက္ကလာပ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောက်ဥက္ကလာပ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျာင်းတက်နိုင်ရေးဖြစ်ကြောင်း၊ ကလေးများ ကျောင်းလာရောက် အပ်နှံရေးအတွက် နှိုးဆော်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေး များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဖွင့်အမီ ကျောင်းသန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အခက်အခဲရှိပါကအချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အစရှိသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မို့မို့ခိုင်က ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြာပြီး၊ စီမံအုပ်ချုပ်ရေးအဖွဲဝင်(၁) ဗိုလ်မှူး ချမ်းမြေ့ဦးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်၊၊ ထို့နောက် အခြခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းသား/သူများအတွက် ကိုယ်ပိုင်ကျောင်းများမှလှူဒါန်းသည့် ဗလာစာအုပ်နှင့် လှူဒါန်းပစ္စည်းများအား ကိုယ်ပိုင် ကျောင်းများ ကိုယ်စားတာဝန်ရှိသူတစ်ဦးမှ ပေးအပ်ရာ အလက(၂) ကျောင်းအုပ်ဆရာမကြီးမှ လက်ခံ ရယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှလှထွေး