စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေဆွေးနွေးပွဲ  Talk Show  ဆောင်ရွက်

စဉ့်ကိုင် မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီကလူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးဆွေးနွေးပွဲ  Talk Show  ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက Onlineမှတစ်ဆင့် ယခုလိုလူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် လူကုန်ကူးမှု၏အဓိပ္ပာယ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦးဝင်းကြည်က လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏သဘောတူညီချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းခြင်း သယ်ယူပို့ဆောင်ခြင်း ၊လွှဲပြောင်း ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ၊ ငှားယူခြင်း၊ ခိုလုံခွင့်ပေးခြင်း(သို့မဟုတ်) လက်ခံခြင်းကို ဆိုလိုကြောင်း၊ တိုင်းပြည်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုလျော့နည်းပပျောက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်သွားရန်လိုအပ်ကြောင်းအကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)