ရွှေပြည်သာ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ အချိန်တွင် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေပျော်ပြီးစာတော် သောကျောင်းသား/ ကျောင်းသူများ ဖြစ်အောင်မြို့နယ် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား မိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကလေးများ ကျောင်းသို့ရောက်အောင် ကူညီဆောင်ရွက်ပေးကြရန် တို့အားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကို လည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းလှိုင်က ဗလာစာအုပ်များကိုလည်းကောင်း ကျောင်းသား / ကျောင်းသူများ ထံပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)