သရက်ချောင်းမြို့၌  မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သရက်ချောင်း  မေ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထက-သရက်ချောင်း ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ သရက်ချောင်းမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဌေးအောင်၊ မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်း သား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်အစိုးအရက နိုင်ငံသူနိုင်ငံသားတိုင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ(Grade-9)ပြီးဆုံးရေး  မျှော်မှန်းချက်ထားလျက်ရှိရာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် မိဘပြည်သူများ မိမိသားသမီးများ၏ ပညာသင်ယူတတ် မြောက်မှုနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း  ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘပြည်သူများက အလေးပေးဆောင်ရွက်ပေးစေလိုကြောင်းနှင့် ယခုနှစ်ကျောင်းအပ်နှံရေးဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဌေးအောင်က စနစ်သစ်သင်ရိုးသစ်အကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စန်းစန်းဌေးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသားကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းများကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းမျာကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သားကြီး(သရက်ချောင်း