ညောင်ဦးမြို့တွင် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ညောင်ဦး  မေ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်ပြောင်းလဲခြင်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ညောင်ဦးမြို့နယ်၊ လူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦး(ဒုတိယညွှန်ကြားရေးမှူး)မှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါစာချုပ်ဆေးရုံ/ဆေးခန်းများဖြင့် ဆေးကုသမှုဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ  ကုဋေဌေး အထွေထွေရောဂါကုဆေးခန်း ဒေါက်တာစည်သူအုန်းမြင့်မှ စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျန်းမာရေးစောင့် ရှောက်မှု အဆင့်မြှင့်တင်ခြင်း စီမံချက်အား ရှင်းလင်းဆွေးနွေးပြီး အလုပ်ရှင်/အလုပ်သမားကိုယ်စားလှယ်များမှသိရှိလို သည်များမေးမြန်းရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးကြသည်။၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်  နိုင်ငံတကာကျင့်သုံးမှုများနှင့်အညီ Provider Purchaser Split စနစ်သို့ ပုဂ္ဂလိကဆေးရုံဆေးခန်းများနှင့်ပူးပေါင်းပြီး လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိက ကဏ္ဍနှင့်ပူးပေါင်း၍ လူမှုဖူလုံရေးအဖွဲ့ ကုဋေဌေးအထွေထွေ ရောဂါကုဆေးခန်းအား မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦး(ဒုတိယညွှန်ကြားရေးမှူး)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်၊လူမှုဖူလုံရေးကုဋေဌေးအထွေထွေရောဂါကုဆေးခန်းမှ ဒေါက်တာမြင့်သန်းတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD