ညောင်ဦးမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ညောင်ဦး မေ ၂၇   

ညောင်ဦးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ၂၇ ရက် (ယနေ့)တွင်လည်း နံနက် ၉နာရီအချိန်မှ စတင်၍ ကျောင်းများဖွင့်လှစ်ပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများလက်ခံပြီး ကျောင်းသားကျောင်းသူများအား  သင်ရိုးညွန်းတန်းဖတ်စာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက်ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆောင် ပုဒ်နှင့်အညီ ကျောင်းများဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း များကို သက်ဆိုင်ရာကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊  အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်၊  မူလတန်းကျောင်း   စုစုပေါင်းကျောင်း ၂၁၉ ကျောင်းတို့တွင် မေ ၂၆ ရက်နေ့မှ ဇွန် ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများအား သင်ရိုးညွန်း တန်းဖတ်စာအုပ်နှင့်စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD