မိုးနဲ မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Sinopharm (၂) ကြိမ် ထိုးနှံပြီး၍ ၆ လပြည့်ပြီးသူများကို Booster Dose ထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကိုလည်း covaxin second dose အဖြစ် ထိုးနှံပေးခဲ့ကြပြီး ဆေးထိုးပြီးစီးကြောင်းကတ်ပြားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထုတ်ယူနိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)